ရွှေရောင်ပိုးလမ်းမတံတားအဖြစ် ဖန်တီးဆောက်လုပ်ထားသည့် ပယင်းတံတား












>:<  တရုတ်ကုန်သွယ်ရေးပိုးလမ်းမနှင့် ကူးသန်းဆက်သွယ်ရေးကို အနုပညာဖြင့်
ဖန်တီးပုံဖော်သည့်အနေဖြင့် တရုတ်အနု လက်ရာပညာရှင် ရှုယုံက ပယင်းတုံးများ 
ဖြင့် တည်ဆောက်ထားသည့် ရွှေရောင် တံတားတစ်စင်း ဖန်တီးပြုလုပ်ထားခဲ့ 
ကြောင်းသိရသည်။ ဘေဂျင်းမြို့၊ အိုလံပစ် ပန်းခြံအတွင်း တည်ဆောက်ထားခဲ့ခြင်း 
ဖြစ်ပြီး လာမည့်မေလ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပသွားရန်ရှိသော နိုင်ငံတကာ
ကုန်သွယ်ရေးဖိုရမ်ကို ကြိုဆိုသည့်အနေဖြင့် ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ 

လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ခန့် မှယနေ့ချိန်ထိ အသုံးပြု နေဆဲဖြစ်သော 
မြောက်ပိုင်းမှ ကျောင်းကျိုတံတားအသွင် ကိုယူကာ ပယင်းကျောက်တုံး၂၀၀၀၀ဖြင့်
ယခုပယင်းပိုးလမ်းမတံတားကို ဖန်တီး ထားခဲ့ခြင်းဖြစ်သည်။ တံတားတွင် အလှဆင်
အသုံးပြုထားသည့် ပယင်းတုံးများမှာ အတုများဖြစ်ပြီး ပယင်းတုံးများ၏အရွယ်
အစားမှာ မဟာတံတိုင်းရှိ အုတ်ချပ်များနှင့် အရွယ်အစားတူပြုလုပ်ထားခြင်းဖြစ် 
ကြောင်း သိရသည်။ ပယင်းတုများထဲတွင် ပိုးလမ်းမကို ရည်ညွှန်းသည့်အနေဖြင့် 
ပိုးထည်များဖြင့် ပြုလုပ်ထားသော ပိုးပန်း ပွင့်လေးများ အသေးစိတ်ထည့်မြှုပ်ထား 
ခဲ့ပြီး အနုစိတ်သည့်လက်ရာအဖြစ် ရှုယုံ ကဖန်တီးပြသခဲ့ခြင်းဖြစ်သည်။ 
ပယင်း တံတားမှာ အရှည် ၉၁ ပေရှိပြီး အကျယ် ၁၉ ပေရှိကာ အရှေ့နှင့်အနောက်
ရင်းနှီး ချစ်ကြည်မှုကို ပြသသည့် အနုပညာလက် ရာတစ်ခုဖြစ်ကြောင်း ရှုယုံက
ဖြေကြား သွားခဲ့သည်။

သံသာ(pyimyanmar)
Ref ; PD
link -
http://www.chinadaily.com.cn/china/2017-04/19/content_28989561.htm


ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။

ဖြိုးလေး(MyanmarYouth)ph-09791169860


Comments

Popular posts from this blog

ပယင်း ( Amber ) အကြောင်း သိကောင်းစရာ

" ဇောချွေးပြန်တဲ့ည "

ဧဝရတ်တောင်ထိပ်ကိုတက်ဖို့ ကြိုးစားနေတဲ့ အသက် ၈၅ နှစ်အရွယ် အဘိုးအို ကွယ်လွန်