မိုင်သုံးထောင်အဝေးက ဝှီးချဲစီး မသန်စွမ်းအမျိုးသားနဲ့ ချစ်ကြိုးသွယ်ခဲ့တဲ့ နတ်သမီးလေး




>:<  နဖူးစာဆိုတာ ရွာလည်တာလည်း ရှိသလို၊ ကမ္ဘာပတ်သွားတဲ့ နဖူးစာတွေ
လည်း အများကြီးပါဘဲ။ တစ်ခါတလေမှာ ကိုယ်စိတ်ကူးနဲ့သာ မှန်းဆလို့ရနိုင်မယ့်
အကွာဝေးက ချစ်ရသူနဲ့လည်း ဆုံတတ်သလို၊ တစ်ခါတစ်ရံကျပြန်တော့လည်း
ကိုယ်နဲ့ အိမ်ချင်းကပ်၊ ဆွေမျိုးရင်းနဲ့လည်း ဖူးစာဆုံတတ်ပါတယ်။ ဒါကို အချစ်ရဲ့
တန်ခိုးလို့ ခေါ်ပါတယ်။

အခုလည်း မိုင်သုံးထောင်အကွာအဝေးက လူနှစ်ယောက်ဟာ အွန်လိုင်းလူမှု
ကွန်ယက်ကနေတစ်ဆင့် ချစ်ကြိုးသွယ်ခဲ့ ပါတယ်။ အမျိုးသားနာမည်ကတော့
Grigory Prutov ဖြစ်ပြီး ရုရှနိုင်ငံသားဖြစ်ပါတယ်။ သူရဲ့ချစ်သူ Anna ကတော့
ကာဇက်စတန်နိုင်ငံသူပါ။ မိန်းမချောစာရင်းဝင် အလှပဂေးမလေး တစ်ယောက်
ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရေစက်ဟာ အလွန်ကလေး လှပခဲ့ပါတယ်။

Prutov ဟာ မွေးရာပါ Spinal Muscular Atrophy ရောဂါကို ခံစားခဲ့ရသူမို့
သူ့ဘ၀တစ်သက်တာလုံး ၀ှီးချဲပေါ်မှာသာ ကုန်ဆုံးရဖို့ဖြစ်လာခဲ့ပါတယ်။ ဒါကို
တစ်ချိုက ဝဋ်နာကံနာလို့လည်း ခေါ်ကြပါတယ်။ သို့သော် Anna ကတော့
ဒီချို့ယွင်းချက်ကြီးကို အပြစ်လုံးဝမမြင်၊ သူမရဲ့စိတ်ထဲမှာ Prutov ကို
ချစ်ခင်စိတ်သာ ရှိပါတယ်။

သူတို့နှစ်ယောက်ဟာ မိုင်ပေါင်းထောင်ချီအဝေးမှာ စကားလုံးလေးတွေနဲ့သာ
လွမ်းခဲ့ကြပါတယ်။ Prutov ကလည်း သူရဲ့ ကျန်းမာရေးကြောင့်သာ မဟုတ်ရင်၊
ချစ်သူ Anna ရှိတဲ့ဆီကို သွားရောက်တွေ့ဆုံချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ဒီစိတ်ကူးကို ဖြည့်ဆည်းပေးသူကတော့
ကာဇတ်သူလေး Anna ဖြစ်ပါတယ်။

သူမဟာ ချစ်သူရှိရာကို အရောက်လာမည့်အကြောင်း ကတိပေးခဲ့ပါတယ်။
တကယ်တမ်း ရောက်လာတော့ Prutov တို့ မိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေ
ဘယ်လိုမှ ထင်မှတ်မထားခဲ့ပါဘူး။ အကြောင်းကတော့ Anna ဟာ အလွန်လှပတဲ့
မိန်းကလေးတစ်ယောက် ဖြစ်နေလို့ပါဘဲ။

ဒီအတွက် သူတို့ဟာ Prutov အတွက် ဝမ်းသာဂုဏ်ယူနေကြသလို၊ အချစ်အတွက်
အရာရာကို စွန့်စားရဲတဲ့ Anna ကို မျက်ရည်တွေနဲ့ ကြိုဆိုခဲ့ရတဲ့ အဖြစ်ပါ။ အခုတော့
သူတို့နှစ်ယောက် အလွန်ပျော်ရွှင်တဲ့ အချစ်ခရီးကို စတင်လျှောက် လှမ်းနေပါပြီ၊။

နတ်စည်တော် (Shwemom)
source : viral4real.com
link -
http://www.viral4real.com/wheelchair-bound-man-finds-love/


ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။

ဖြိုးလေး(MyanmarYouth)ph-09791169860

Comments

Popular posts from this blog

ပယင်း ( Amber ) အကြောင်း သိကောင်းစရာ

" ဇောချွေးပြန်တဲ့ည "

ဧဝရတ်တောင်ထိပ်ကိုတက်ဖို့ ကြိုးစားနေတဲ့ အသက် ၈၅ နှစ်အရွယ် အဘိုးအို ကွယ်လွန်