ဧဝရတ္ေတာင္ထိပ္ကုိတက္ဖုိ႔ ႀကိဳးစားေနတဲ့ အသက္ ၈၅ ႏွစ္အရြယ္ အဘုိးအုိ ကြယ္လြန္




ဧဝရတ္ေတာင္ထိပ္ကုိတက္ဖုိ႔ ႀကိဳးစားေနတဲ့ 
အသက္ ၈၅ ႏွစ္အရြယ္ အဘုိးအုိ ကြယ္လြန္

ဧဝရတ္ေတာင္ထိပ္ကုိ တက္ေရာက္ႏုိင္တဲ့ အသက္အႀကီးဆုံး
ေတာင္တက္သမားအျဖစ္ စံခ်ိန္တင္ႏုိင္ဖုိ႔ ႀကိဳးစားေနတဲ့ 
အသက္ ၈၅ ႏွစ္အရြယ္ အဘုိးအုိဟာ အေျခစုိက္စခန္းမွာ ကြယ္လြန္သြားခဲ့ပါတယ္။ 

နီေပါႏုိင္ငံသား အဘုိးအုိ (Min Bahadur Sherchan)ရွားခ်န္ဟာ 
၂၀၀၈ ခုႏွစ္တုန္းက အသက္ ၇၆ ႏွစ္အရြယ္မွာ ဧဝရတ္ေတာင္ထိပ္ကုိ တက္ေရာက္ႏုိင္ခဲ့ၿပီး ဧဝရတ္ေတာင္ထိပ္ကုိ တက္ေရာက္ႏုိင္တဲ့ အသက္အႀကီးဆုံး ေတာင္တက္သမားအျဖစ္ စံခ်ိန္တင္ႏုိင္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ 
၂၀၁၃ ခုႏွစ္မွာ အသက္ ၈၀ အရြယ္ရွိတဲ့ ဂ်ပန္ႏုိင္ငံသား မီယူရာက သူ႔ရဲ႕စံခ်ိန္ကုိခ်ဳိးၿပီး စံခ်ိန္သစ္တင္ခဲ့ပါတယ္။

ေဂၚရခါးစစ္သည္ေဟာင္းတစ္ဦးျဖစ္တဲ့ ရွားခ်န္ဟာ အသက္ ၇၂ ႏွစ္
အရြယ္မွာမွ ဧဝရတ္ေတာင္ထိပ္ကုိ တက္ေရာက္ႏုိင္ဖုိ႔ စိတ္ကူးရခဲ့တာ
ပါ။ သူဟာ ဧဝရတ္ေတာင္တက္ဖုိ႔ ျပင္ဆင္တဲ့အေနနဲ႔ နီေပါႏုိင္ငံမွာ 
မုိင္ ၇၄၅ အကြာအေ၀းအထိ လမ္းေလွ်ာက္ခဲ့ပါတယ္။ 

ဧဝရတ္ေတာင္တက္မယ့္ ခရီးစဥ္မတုိင္ခင္ ရွားခ်န္က ရည္မွန္းခ်က္ကုိ အေကာင္အထည္ေဖာ္ဖုိ႔ အသက္အရြယ္က အတားအဆီးမဟုတ္ဘူး
ဆုိတာကုိ သက္ေသျပဖုိ႔ အခုလုိ ေတာင္တက္ရတာလုိ႔ ဆုိပါတယ္။
ဒါ့အျပင္ ရွားခ်န္က ဧဝရတ္ေတာင္ထိပ္ကုိ တက္ႏုိင္ခဲ့လုိ႔ 
နာမည္ႀကီးသြားရင္ စစ္ျဖစ္ေနတဲ့ႏုိင္ငံေတြကုိသြားၿပီး ၿငိမ္းခ်မ္းေရး
သတင္းစကားပါးသူအျဖစ္ ေဆာင္ရြက္မယ္လုိ႔ ေျပာခဲ့ပါတယ္။

ရွားခ်န္ဟာ ၂၀၁၃ ခုႏွစ္မွာကတည္းက ၿပိဳင္ဘက္ျဖစ္သူ မီယူရာရဲ႕စံခ်ိန္ကုိခ်ဳိးၿပီး စံခ်ိန္သစ္တင္ႏုိင္ဖုိ႔  ႀကိဳးစားခဲ့ေပမယ့္ ရာသီဥတုေၾကာင့္ 
သူ႔အစီအစဥ္ကုိ စြန္႔လႊတ္ခဲ့ရသလုိ ၂၀၁၅ ခုႏွစ္မွာလည္း နီေပါငလ်င္ 
လႈပ္ခတ္မႈနဲ႔ ႀကံဳခဲ့ပါတယ္။ 

သူဟာ ၿပီးခဲ့တဲ့ စေနေန႔ မြန္းလြဲပုိင္းက ကြယ္လြန္သြားခဲ့ၿပီး 
ႏွလုံးေရာဂါေၾကာင့္ အသက္ဆုံး႐ႈံးရတာ ျဖစ္ႏုိင္တယ္လုိ႔ ဆရာဝန္က
ေျပာပါတယ္။

Nz(႐ုိးရာေလး)
www.yoyarlay.com

#Nz_yyl
#news_yyl

Unicode version

ဧဝရတ်တောင်ထိပ်ကိုတက်ဖို့ ကြိုးစားနေတဲ့ 
အသက် ၈၅ နှစ်အရွယ် အဘိုးအို ကွယ်လွန်

ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်တဲ့ အသက်အကြီးဆုံး
တောင်တက်သမားအဖြစ် စံချိန်တင်နိုင်ဖို့ ကြိုးစားနေတဲ့ 
အသက် ၈၅ နှစ်အရွယ် အဘိုးအိုဟာ အခြေစိုက်စခန်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ 

နီပေါနိုင်ငံသား အဘိုးအို (Min Bahadur Sherchan)ရှားချန်ဟာ 
၂၀၀၈ ခုနှစ်တုန်းက အသက် ၇၆ နှစ်အရွယ်မှာ ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပြီး ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်တဲ့ အသက်အကြီးဆုံး တောင်တက်သမားအဖြစ် စံချိန်တင်နိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ 
၂၀၁၃ ခုနှစ်မှာ အသက် ၈၀ အရွယ်ရှိတဲ့ ဂျပန်နိုင်ငံသား မီယူရာက သူ့ရဲ့စံချိန်ကိုချိုးပြီး စံချိန်သစ်တင်ခဲ့ပါတယ်။

ဂေါ်ရခါးစစ်သည်ဟောင်းတစ်ဦးဖြစ်တဲ့ ရှားချန်ဟာ အသက် ၇၂ နှစ်
အရွယ်မှာမှ ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ဖို့ စိတ်ကူးရခဲ့တာ
ပါ။ သူဟာ ဧဝရတ်တောင်တက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ နီပေါနိုင်ငံမှာ 
မိုင် ၇၄၅ အကွာအဝေးအထိ လမ်းလျှောက်ခဲ့ပါတယ်။ 

ဧဝရတ်တောင်တက်မယ့် ခရီးစဉ်မတိုင်ခင် ရှားချန်က ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အသက်အရွယ်က အတားအဆီးမဟုတ်ဘူး
ဆိုတာကို သက်သေပြဖို့ အခုလို တောင်တက်ရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ရှားချန်က ဧဝရတ်တောင်ထိပ်ကို တက်နိုင်ခဲ့လို့ 
နာမည်ကြီးသွားရင် စစ်ဖြစ်နေတဲ့နိုင်ငံတွေကိုသွားပြီး ငြိမ်းချမ်းရေး
သတင်းစကားပါးသူအဖြစ် ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။

ရှားချန်ဟာ ၂၀၁၃ ခုနှစ်မှာကတည်းက ပြိုင်ဘက်ဖြစ်သူ မီယူရာရဲ့စံချိန်ကိုချိုးပြီး စံချိန်သစ်တင်နိုင်ဖို့  ကြိုးစားခဲ့ပေမယ့် ရာသီဥတုကြောင့် 
သူ့အစီအစဉ်ကို စွန့်လွှတ်ခဲ့ရသလို ၂၀၁၅ ခုနှစ်မှာလည်း နီပေါငလျင် 
လှုပ်ခတ်မှုနဲ့ ကြုံခဲ့ပါတယ်။ 

သူဟာ ပြီးခဲ့တဲ့ စနေနေ့ မွန်းလွဲပိုင်းက ကွယ်လွန်သွားခဲ့ပြီး 
နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရတာ ဖြစ်နိုင်တယ်လို့ ဆရာဝန်က
ပြောပါတယ်။
က်ြန္ေတာ္သိ၍က်ြန္ေတာ္တတ္၍ေရးသားျခင္းမဟုတ္ပါက်ြန္ေတာ္ေလ ့လာမိသမ်ွကိုစာဖတ္သူမ်ားထံျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။

က်ြန္ေတာ္ ့ပို ့စ္တစ္ခုခ်င္းဆီအတြက္မူရင္းေရးသားသူမ်ားကိုအထူးေက်းဇူးတင္ဥပကာရတင္ရွိပါတယ္။

ျဖိဳးေလး(MyanmarYouth)ph-09791169860



Comments

Popular posts from this blog

ပယင္း ( Amber ) အေၾကာင္း သိေကာင္းစရာ

" ေဇာေခၽြးျပန္တဲ့ည "