Posts

Showing posts from April, 2017

မိုင်သုံးထောင်အဝေးက ဝှီးချဲစီး မသန်စွမ်းအမျိုးသားနဲ့ ချစ်ကြိုးသွယ်ခဲ့တဲ့ နတ်သမီးလေး

Image
>:<  နဖူးစာဆိုတာ ရွာလည်တာလည်း ရှိသလို၊ ကမ္ဘာပတ်သွားတဲ့ နဖူးစာတွေ လည်း အများကြီးပါဘဲ။ တစ်ခါတလေမှာ ကိုယ်စိတ်ကူးနဲ့သာ မှန်းဆလို့ရနိုင်မယ့် အကွာဝေးက ချစ်ရသူနဲ့လည်း ဆုံတတ်သလို၊ တစ်ခါတစ်ရံကျပြန်တော့လည်း ကိုယ်နဲ့ အိမ်ချင်းကပ်၊ ဆွေမျိုးရင်းနဲ့လည်း ဖူးစာဆုံတတ်ပါတယ်။ ဒါကို အချစ်ရဲ့ တန်ခိုးလို့ ခေါ်ပါတယ်။ အခုလည်း မိုင်သုံးထောင်အကွာအဝေးက လူနှစ်ယောက်ဟာ အွန်လိုင်းလူမှု ကွန်ယက်ကနေတစ်ဆင့် ချစ်ကြိုးသွယ်ခဲ့ ပါတယ်။ အမျိုးသားနာမည်ကတော့ Grigory Prutov ဖြစ်ပြီး ရုရှနိုင်ငံသားဖြစ်ပါတယ်။ သူရဲ့ချစ်သူ Anna ကတော့ ကာဇက်စတန်နိုင်ငံသူပါ။ မိန်းမချောစာရင်းဝင် အလှပဂေးမလေး တစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရေစက်ဟာ အလွန်ကလေး လှပခဲ့ပါတယ်။ Prutov ဟာ မွေးရာပါ Spinal Muscular Atrophy ရောဂါကို ခံစားခဲ့ရသူမို့ သူ့ဘ၀တစ်သက်တာလုံး ၀ှီးချဲပေါ်မှာသာ ကုန်ဆုံးရဖို့ဖြစ်လာခဲ့ပါတယ်။ ဒါကို တစ်ချိုက ဝဋ်နာကံနာလို့လည်း ခေါ်ကြပါတယ်။ သို့သော် Anna ကတော့ ဒီချို့ယွင်းချက်ကြီးကို အပြစ်လုံးဝမမြင်၊ သူမရဲ့စိတ်ထဲမှာ Prutov ကို ချစ်ခင်စိတ်သာ ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ မိုင်ပေါင်းထောင်ချီအဝေးမှာ စကားလုံးလေးတွေနဲ့သာ...