Posts

" ဇောချွေးပြန်တဲ့ည "

Image
       မေတ္တာသင်္ဂဟ  နာရေးကူညီမှူအသင်းမှာ တာဝန်ယူလုပ်ဆောင်လာရကတည်းက အတွေ့အကြုံတွေရပြီးသားပါ ။ အိုခြင်း...နာခြင်း...သေခြင်း တရားတွေကိုအခြားသူတွေလိုရှာစရာမလိုပဲ ကိုယ်တိုင်မျက်မြင်တွေ့ကြုံနေရသူပါ ။ သွေးသံရဲရဲနဲ့ လူနာတွေ...မသေမရှင်ဖြစ်နေတဲ့လူနာတွေ... ကိုယ့်လက်ပေါ်မှာတင် အသက်ထွက်သွားတဲ့ လူနာတွေ ကိုကြည့်ပြီး သံဝေဂ ရခဲ့ပေါင်းလဲ မနည်းတော့ပါဘူး ။ ကျွန်တော်တို့ အသင်းလေးက အခြားအသင်းကြီးတွေလို ပြည့်စုံလှတဲ့ အသင်းမဟုတ်ပေမယ့် စေတနာအရင်းခံပြီး လူမှူရေးပရဟိတအလုပ်ကို တက်တက်ကြွကြွနဲ့ လုပ်နေကြရတာပါ ။ အခက်အခဲတွေမျိုးစုံကိုရုန်းကန်ရင်း အသက်တွေကယ်ခဲ့ရသလို... အတိုက်အခံတွေမျိုးစုံကိုလဲ ကျော်လွှားဖြတ်သန်းရင်း ရုန်းကန်နေရစဲပါ ။ သေခြင်းတရားဆိုတာ မည်သူမျှမလွန်ဆန်နိုင်ကြပါဘူး ။ သုဘရာဇာလို့ပဲ ပြောပြော.... ဒွန်းစဏ္ဍားပဲဆိုဆို အများမလုပ်နိုင်တဲ့ အလုပ်ကို ရင်ဘတ်ချင်းတူတဲ့ သူတွေနဲ့ အတူလုပ်နေရတဲ့ အတွက် ကျေနပ်မိပါတယ် ။        သက်မဲ့ခန္တာကိုယ်တွေကို သယ်ယူရတဲ့အလုပ်ကလဲ လွယ်တဲ့အလုပ်မဟုတ်ပါဘူး ။ ရောဂါမျိုးစုံနဲ့ သေကြရတဲ့သူတွေရှိသလို အသက်အရွယ်ကြီးမြင့်လာတဲ့အတွက် လူကြီးရောဂါတွေနဲ့ သေဆ...

ဧဝရတ်တောင်ထိပ်ကိုတက်ဖို့ ကြိုးစားနေတဲ့ အသက် ၈၅ နှစ်အရွယ် အဘိုးအို ကွယ်လွန်

Image
ဧဝရတ်တောင်ထိပ်ကိုတက်ဖို့ ကြိုးစားနေတဲ့  အသက် ၈၅ နှစ်အရွယ် အဘိုးအို ကွယ်လွန် ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်တဲ့ အသက်အကြီးဆုံး တောင်တက်သမားအဖြစ် စံချိန်တင်နိုင်ဖို့ ကြိုးစားနေတဲ့  အသက် ၈၅ နှစ်အရွယ် အဘိုးအိုဟာ အခြေစိုက်စခန်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။  နီပေါနိုင်ငံသား အဘိုးအို (Min Bahadur Sherchan)ရှားချန်ဟာ  ၂၀၀၈ ခုနှစ်တုန်းက အသက် ၇၆ နှစ်အရွယ်မှာ ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပြီး ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်တဲ့ အသက်အကြီးဆုံး တောင်တက်သမားအဖြစ် စံချိန်တင်နိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့  ၂၀၁၃ ခုနှစ်မှာ အသက် ၈၀ အရွယ်ရှိတဲ့ ဂျပန်နိုင်ငံသား မီယူရာက သူ့ရဲ့စံချိန်ကိုချိုးပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ ဂေါ်ရခါးစစ်သည်ဟောင်းတစ်ဦးဖြစ်တဲ့ ရှားချန်ဟာ အသက် ၇၂ နှစ် အရွယ်မှာမှ ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ဖို့ စိတ်ကူးရခဲ့တာ ပါ။ သူဟာ ဧဝရတ်တောင်တက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ နီပေါနိုင်ငံမှာ  မိုင် ၇၄၅ အကွာအဝေးအထိ လမ်းလျှောက်ခဲ့ပါတယ်။  ဧဝရတ်တောင်တက်မယ့် ခရီးစဉ်မတိုင်ခင် ရှားချန်က ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အသက်အရွယ်က အတားအဆီးမဟုတ...

ပယင်း ( Amber ) အကြောင်း သိကောင်းစရာ

Image
ပယင်း အကြောင်းသိကောင်းစရာ နဲ့  ပယင်းဖြစ်ပေါ်လာပုံ အဆင့်ဆင့်ပါ ။ ပယင်း သည် လူသား တို့၏ အဆင်တန်ဆာ အဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရ တနာ တန်းဝင် ထဲမှ ရှေးအကျဆုံး ရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီး များကို ဥရောပမြောက်ပိုင်းတွင် ဘီစီ (၈၀၀၀) လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။ ပယင်း သည် စင်စစ် အားဖြင့် ကျောက် မဟုတ်ပါ။ အဆီထွက်သော အပင် တစ်မျိုး (ထင်းရူးပင် တစ်မျိုး ဟု ဆို) ၏ အဆီ မှ ခဲ၍ ကျောက်သား သဖွယ် ဖြစ်လာခြင်းဖြစ်သည်။ ရံဖန် ရံခါ ပယင်း ထဲ၌ အင်းဆက် ပိုးမွှားများ ကို ပုံစံ မပျက် တွေ့ရှိရတတ်ပါသည်။  နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်း မှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။ ရှားပါး အနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်း ကိုလည်း မှတ်တမ်းတင် ထားကြသည်။ ပယင်း ဟာ ကျောက်မျက်ရတနာ ၉ပါး ထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်း အဆင့် (၂.၅) သာ ရှိကာ သိပ်သည်းဆ လည်း ၁.၀၇ သာ ရှိသောကြောင့် အပူချိန် ကို ခံနိုင်ရည် မရှိပဲ ကြွေကွဲ ပျက်ဆီးလွယ်ပါသည်။ မီးရှို လျှင် အလွယ် တစ်ကူ လောင်ကျွမ်းနိုင်ပါသည်။ ပယင်း အစစ် ဟာ အလင်းပေါက်ပြီး ပေါ့ပါး တာကြောင့် ဆားငံရည် မှာ ရေပေါ်...